အချစ်ဆိုတာ ပြိုင်ပွဲတစ်ခုဆိုရင်
ငါ့ကို နှုတ်ထွက်ခွင့်ပြုပါ ချစ်သူ......
အချစ်ဆိုတာ ယုံကြည်ခြင်းဆိုရင်
ငါ့ကို ကိုးကွယ်ခွင့်ပြုပါ ချစ်သူ.......
အချစ်ဆိုတာ ရှုံးနိမ့်ခြင်းတစ်ခုဆိုရင်
ငါ့ကို ဒူးထောက်ခွင့်ပြုပါ ချစ်သူ.......
အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင်
ငါ့ကို နှင်းအပ်ခွင့်ပြုပါ ချစ်သူ..........
အချစ်ဆိုတာ ရယူခြင်းတစ်ခုဆိုရင်တော့
ငါ့ကို မင်းနင်းခြေပစ်လိုက်ပါတော့......ချစ်သူ ။ ။

(ကျော်နိုင်လင်း)

Comments

Popular posts from this blog

မျက်ကန်းအချစ်