နေရာလေးက သာယာလိုက်တာတဲ့. ငုဝါပန်း ရုံ.လေးလေ.. သူငယ်ချင်း တစ်ယောက် ပြောတာ.. မင်းချစ်သူ နဲ့ မသွားချင်ဖူးလား တဲ့. အဲတော့..ကျနော် ပြန်ပြောလိုက်ပါတယ်.. ''ငါ ကတော့ သွားချင်ပါတယ်... ဒါပေမဲ့ သူပျော်မယ် ဆိုရင် သူ့ချစ်သူ နဲ့ သွားလည်း. ငါ ဘေးကနေ ကြည့်နေပေး မှာ'' လို့.. ကျနော် မမှား ပါဖူးနော်....
Posts
- Get link
- X
- Other Apps
ချစ်နေလျက် ကွဲလွဲမှုတစ်ခုမှစလို့ များလာရင် အမုန်းမဟုတ်ရင်တောင် လမ်းခွဲရောက်လာနိုင်လို့ ချစ်တတ်ခဲ့ရင် စွန့်လွတ်တတ်အောင်လည်း ပြင်ဆင်သင့်တယ် ။ ယုံကြည်နေလျက် လွဲမှားမှုတစ်ခုမှစလို့ များလာရင် သည်းခံမှုလျော့လျက် နာကျင်ခြင်းတွေ ရောက်လာနိုင်လို့ အပြည့်အ၀ယုံကြည့်ပြီးရင် တုန့်ပြန်တတ်အောင် သင်ယူသင့်တယ် ။ ချစ်ခြင်း၏ ဒဏ်ရာက အပြင်မှာမသိသာပေမယ့် ရင်ဘက်နဲ့ နှလုံးသားတွေအတွက်တော့ ချစ်သူကို နှုတ်ဆက်ချိန်တွေဟာ သိပ်ကိုပင်ပန်းနိုင်လို့ ချစ်ခြင်း၏ ပျော်ရွင်ခြင်းကို နှစ်မျော်နိုင်သလို ချစ်ခြင်း၏ မျက်ရည်ကိုလည်း ကိုယ်တိုင် တိတ်စေတဲ့ ကြံခိုင်မှုတစ်ခု ရှိဖို့တော့ အရမ်းကို လိုအပ်ပါတယ် ။
အဲ့ဒီနေ့က
- Get link
- X
- Other Apps
အဲဒီနေ့ ညနေက မိုး မရွာဘူး နေလည်း မသာပါဘူး … အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ် ကျနော့်ဘက်က မဟုတ်ဘူး သူ့ဘက်က …. စိတ် မဆိုးပါနဲ့ … တဲ့ ပြီးတော့ … ဘယ်လို ခံစားရလဲ … တဲ့ အဲဒီအချိန်က သူမ ပြောခဲ့တဲ့စကား ခုထိ ကြားယောင်နေသေးတယ် …. စိတ် မဆိုးပါဘူး .. ငါ မပြောတတ်ဘူးဟာ … ငါ ဘာမှ မပြောတတ်တော့ဘူး …. ငါ သွားတော့မယ် ….. သူမရဲ့ဘေးက ဒဏ်ရာ အနာတရနဲ့ ထွက်ခွာခဲ့စဉ်က ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ် တကယ်ပါပဲ … ရင်ထဲက ခံစားချက်တွေကို ပုံဖော်ဖို့ စကားလုံးတွေက အဲဒီ အချိန်မှာ ဘာဖြစ်လို့ ပျောက်နေခဲ့ရတာလဲ … ရင်ထဲမှာ ခါတိုင်းထက် တအားလေးနေတယ် သူမကို ချစ်ခဲ့တဲ့ အချစ်တွေ နေရပ်ပြန်လာလို့ ထင်ပါရဲ့ … ရည်ရွယ်ထားသမျှ ပြာကျ ခံစားရသမျှကိုလည်း သူမထံပါး ရင်ဖွင့်ကာ ပြလိုက်ချင်ရဲ့ ဒါပေမယ့် …. နှလုံးသားရဲ့ ဟိုးးးးးးး အနက်ရှိုင်းဆုံးဆီကို တစ်စုံတစ်ခု ပစ်ချလိုက်တယ် “အချစ်ဦး ပစ်သွားခဲ့ဖူးတယ် … အပြုံးနဲ့ လမ်းခွဲခဲ့၊ ဒီနေ့ ဒီရက် ……………။
ကမ္ဘာပျက်ခြင်း
- Get link
- X
- Other Apps
အလိုမကျရင် စိတ်ကောက် ငါ့ခါးကို ဆွဲဆွဲလိမ်တဲ့ ကောင်မလေးလဲ မရှိတော့ပါဘူး..... ငါ့ကိုစိတ်ဆိုးအောင်လုပ် ငါ့မျက်နှာကြည့်ပြီး ပျော်နေတတ်တဲ့ ကောင်မလေးလဲ မရှိတော့ပါဘူး..... ပျက်သုဉ်းသွားတဲ့ အိပ်မက်ကို ဘ၀ပေါ်ပစ်တင် နွမ်းလျနေ ငါတစ်ယောက်တည်းပေါ့..........။ ကမ္ဘာပျက်ခြင်းထက်တောင်မှ ချစ်ခြင်းရဲ့အလွမ်းတွေက ပိုပါသေးလား.... မေ့ဖို့ကြိုးစားတယ်ဆိုပေမယ့် အချိန်တန်တော့လဲ........ သတိရခြင်းတွေ ငါ့ကိုသိမ်းပိုက်သွားကြပြန်ရော....